၂၀၂၁ ခုနှစ်၊ ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေးဗဟိုကော်မတီညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၅
    
၂၀၂၁ ခုနှစ် ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေး ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ အမျိုးသားအောင်ပွဲ နေ့ကျင်းပရေးဗဟိုကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ အမျိုးသားအောင်ပွဲနေ့ကျင်းပရေးဗဟိုကော်မတီ ဒုတိယဥက္ကဌ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် အမျိုး သားတစ်ရပ်လုံး အမျိုးသားအောင်ပွဲနေ့၏ အဓိပ္ပါယ်နှင့်အနှစ်သာရများကို ပိုမိုသိရှိနားလည်ပြီး အမျိုးသားရေးစိတ်ဓာတ် ပိုမိုရင့်သန်ခိုင်မာလာစေရေးအတွက် ၂၀၂၁ ခုနှစ်၊ ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို အမျိုးသားနေ့ဆောင်ပုဒ်နှင့် ဦးတည်ချက်များနှင့်အညီ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းအကောင် အထည်ဖော်ဆောင်ရွက်သွားကြပါရန် တိုက်တွန်း ပြောကြားသည်။

ထို့နောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူးက ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ ပြီးစီးမှု အစီရင် ခံစာကို ကောက်နှုတ်တင်ပြသည်။ ယင်းနောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေး ဗဟို ကော်မတီအတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက ၂၀၂၁ ခုနှစ်၊ ၁၀၁ နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ စီမံချက်နှင့် စပ်လျဉ်း၍ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာသူများက အမျိုးသားအောင်ပွဲနေ့ကျင်းပရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး အမျိုးသားအောင်ပွဲနေ့ ကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဌက ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

 (သတင်းစဉ်)