(၁၄၃) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးဖြစ်သည့် ASEAN + 3 အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်

mdn

နေပြည်တော်၊ နိုဝင်ဘာ ၂၅

ASEAN+3 ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော်က ကြီးမှူး၍ (၁၄၃) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေး ဖြစ်သည့် ASEAN + 3 အစည်းအဝေးကို virtual စနစ်ဖြင့် ယနေ့တွင် ကျင်းပရာ ဥပဒေရေးရာ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်၊ ပြည်ထောင်စုလွှတ်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာမြတ်စိုး နှင့်တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။
    
အစည်းအဝေးသို့ ASEAN+3 ပါလီမန်အဖွဲ့ဝင်များတက်ရောက်ကြပြီး ASEAN+3 အလှည့်ကျဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားကာ အစည်းအဝေးအစီအစဉ်ကို အတည်ပြု ခြင်း၊ ၂၀၂၁ ခုနှစ် ဧပြီလတွင် ကျင်းပပြုလုပ်ခဲ့သည့် ASEAN + 3 အစည်းအဝေး၏ အစည်း အဝေးမှတ်တမ်းအတည်ပြုခြင်း၊ (၁၄၃) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ အတွင်း လစ်လပ်နေရာများဖြည့်ဆည်းခြင်း၊ Drafting Committee on the Emergency Item အတွက် အမည်စာရင်းတင်သွင်းခြင်းနှင့် ၂၀၂၂ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ASEAN+3 အစည်းအဝေး၏ အလှည့်ကျဥက္ကဋ္ဌကို အတည်ပြုခြင်းတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

(သတင်းစဉ်)