“မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်”တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

နေပြည်တော် နိုင်ဝင်ဘာ ၁၇
 
“မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်”တေးဂီတဖျော်ဖြေပွဲ ပွဲစဉ်(၈)ကို နိုဝင်ဘာ ၁၉ ရက်  ည(၈)နာရီ သတင်းအပြီးတွင်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌  ထုတ်လွှင့် ပြသမည် ဖြစ်သည်။ 

ယင်းအစီအစဉ်ကို “Golden Star Music Band တေးဂီတအဖွဲ့” ၏ တီးခတ်မှုနှင့် အတူ တေးသံရှင်များဖြစ်ကြသည့်  မင်းခန့်ကျော်၊ ဒုံချပ်၊ သွန်းရွှေလျှံ၊ ထက်အာကာကျော်၊ လင်းဝတီသင်း၊ ရဲရင့်ဝေလွင်၊ ခင်လပြည့်ဝန်း၊ မေထူးကျော်၊ ဧကရီအောင်၊ ထက်ရတီလွင် တို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။ 
             
ထိုသို့ တင်ဆက်မှုကို နိုဝင်ဘာ (၂၁)ရက် နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)