လွိုင်ကော်မြို၊ ဘားအံမြို့နှင့် ရွာငံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၂၂ 

လွိုင်ကော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၁ ရက် ညနေ ၄ နာရီတွင် လွိုင်ကော်မြို့၊ ဧက(၅၀၀)ရပ်ကွက်၊ လွိုင်ကော်-လောပိတသွား ကားလမ်းတွင် ပြည့်ဖြိုးအောင် မောင်းနှင်ပြီး ဇော်လင်းနိုင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့  ညနေ ၄ နာရီခွဲတွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ ဇာသပြင်(အရှေ့)ကျေးရွာအုပ်စု၊ ဇာသပြင်(အရှေ့) ကျေးရွာနေ မချိုမြင့်(ခ) အိအောင်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မင်းဇော်ချစ်(ခ) ကိုချစ်ကိုတွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀၀ ၊ အိုက်စ် သုည ဒသမ ၈၀၁ ကီလို၊ ဘိန်းစာရွက် သုည ဒသမ ၆၅ ကီလို နှင့် ဘိန်းစာရည် ၆ လီတာကိုလည်းကောင်း၊ ထို့ပြင် အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီ တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်၊ ဒုတ္တိုးရေကျေးရွာအုပ်စု၊ ယုံတောင် ကျေးရွာအနီးတွင် ထွန်းထွန်ဝင်း(ခ)ထွန်းဝင်း  မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၁၈ ကီလိုတို့ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းသိရသည်။ 

(ရဲပြန်ကြား)