ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဘုတ်ပြင်း   အောက်တိုဘာ  ၂၂

 

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၌ အခြေခံပညာ အထက်တန်း၊ အလယ်တန်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို တပ်မတော်ဆေးအဖွဲ့များ ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ်ထားသည့် ဆေးထိုးစုရပ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ဆေးကို ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်က ဘုတ်ပြင်းမြို့နယ် ထောင်ခမက်ကျေးရွာအုပ်စု အောက်လိပ် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေး စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

 

အဆိုပါဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များက လှည့်လည်ကြည့်ရှုကာ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဘုတ်ပြင်းမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာ  ၁၇ ရက်နေ့မှစတင် ကာသက်ဆိုင်ရာ ဆေးထိုးစုရပ်များတွင် ဆေးထိုးနှံပေးလျက်ရှိပြီး အောက်တိုဘာ ၂၁ ရက်နေ့အထိ  ကျောင်းသားကျောင်းသူ (၁၇၅၆)ဦးအား ပထမအကြိမ် ဆေးထိုးပေးခဲ့ပြီးဖြစ်သည်။

 

မြို့နယ်အတွင်း  ဆေးထိုးနှံရန်ကျန်ရှိသူ အထက်တန်း၊ အထက်တန်းအလယ်တန်း ကျောင်းသား ကျောင်းသူ (၃၈၀၀)အား ဆေးထိုးအဖွဲ့(၄)ဖွဲ့ဖြင့် ဆေးထိုးစုရပ် (၂၂)နေရာတွင် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)