ဗန်းမောက်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း စီမံချက်ရေးဆွဲခြင်းနှင့် AVIP သင်တန်းပို့ချ

ဗန်းမောက် အောက်တိုဘာ  ၁၈

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့ မြို့နယ်သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း စီမံချက်ရေးဆွဲခြင်းနှင့် AVIP သင်းတန်း ပို့ချပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါသင်တန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်နိုင်က ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရည်ရွယ်ချက်နှင့် ရေးဆွဲခြင်းလုပ်ငန်းစဉ်များအကြောင်းကို လည်းကောင်း၊ အကြီးတန်းစာရေး ဦးသော်ဇင်ထူးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရေးဆွဲရန် ကောက်ယူရမည့် အဓိကကိန်းဂဏန်း အချက်အလက်များကို လည်းကောင်း၊ အငယ်တန်းအင်ဂျင်နီယာ(၂) ဦးထွန်းဝင်းက ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အချက်အလက်များလည်းကောင်း သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း စီမံချက်ရေးဆွဲခြင်းနှင့် AVIP သင်တန်းကို ကျေးရွာလေးရွာက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းကော်မတီအဖွဲ့မှ သင်တန်းသူ သင်တန်းသား (၁၆)ဦး တက်ရောက် သင်ကြားကြပြီး သင်တန်းကာလမှာ အောက်တိုဘာ ၁၈ ရက်မှ ၂၀ ရက်ထိဖြစ်ကြောင်း သိရသည်။

 

လှိုင်ဘွား(ဗန်းမောက်)