နေပြည်တော် အောက်တိုဘာ ၁၄
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပါမောက္ခ ဒေါက်တာအေးထွန်းသည် Russian Direct Investment Fund၏ CEO ဖြစ်သူ Mr. Kirill Dmitriev နှင့် အောက်တိုဘာ ၁၂ ရက် ညနေပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမမှ Virtual စနစ်ဖြင့် ဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် Sputnik V and Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေးများနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရာ၌ လက်ရှိတွင် အောင်မြင်လျက်ရှိသည့် ထင်ရှားသောဖြစ်ပေါ် တိုးတက်မှုများနှင့် ယင်းကာကွယ်ဆေးများ၏ အနာဂတ်အလားအလာများကို မျှဝေခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်(ဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ကုသရေးဉီးစီးဌာန)နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)