ပြည်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်    ဆက်လက်ထိုးနှံပေး

ပြည် အောက်တိုဘာ ၁၃

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ပထမအကြိမ်ဆေးထိုးနှံခဲ့ပြီး ဒုတိယအကြိမ် ထပ်မံထိုးနှံရန် သတ်မှတ်ရက် ပြည့်မီသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီကစတင်၍ သီရိ‌ခေတ္တရာရတနာ မြို့တော်ခန်းမနှင့် အထက(၁)ပြည်အပါအဝင် ဆေးထိုးစုရပ်‌နေရာ(၉)ခုတို့၌    ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

 

အဆိုပါ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံရန် သတ်မှတ်ရက် ပြည်မီသူများတွင် နိုင်ငံဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ အသက် ၅၅နစ်နှင့်အထက်ရှိသူများ၊   သာသနာ့ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံ လုပ်သားများပါဝင်ကြောင်း သိရပြီး ၄င်းတို့အား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို  ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုဆက် (ပြည်ခရိုင်ပြန်/ဆက်)