မအူပင်မြို့၌ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မအူပင် အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး "ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့" အသိပညာပေး ကြော်ငြာဆိုင်းဘုတ် စိုက်ထူးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက လွတ်လပ်ရေးကျောက်တိုင်ရှေ့နှင့် ဗိုလ်ချုပ်ကြေးရုပ်အနီး ရေလဲလမ်းမကြီးဘေးတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး နိုင်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး(ယာယီ) ဒုတိယရဲမှူးကြီး အေးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊မြို့နယ်ပညာရေးမှူး၊ ကျန်းမာရေး ဦးစီးဌာန၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် NGO များက ပူးပေါင်း၍ အသက် ၁၂ နှစ်အထက် ကျောင်းသား/ သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေး ကြော်ငြာဆိုင်းဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို လွတ်လပ်ရေးကျောက်တိုင်ကွင်းရှေ့၊ ဗိုလ်ချုပ်ကြေးရုပ်အနီး ရေလဲလမ်းဆုံလမ်းခွနှင့် လူအသွားအလာများသော နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ခိုင်(မအူပင်)