“မြသဇင်အငြိမ့်” ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

နေပြည်တော် အောက်တိုဘာ ၇

 

အများပြည်သူ ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တင်ဆက်လျက်ရှိရာ မြသဇင်အငြိမ့်   ဖျော်ဖြေပွဲကို အောက်တိုဘာ () ရက်၊ စနေနေ့ ည()နာရီသတင်းအပြီး တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည် ဖြစ်သည်။

 

ယင်းဖျော်ဖြေမှုကို မြနန္ဒာမှစီစဉ်ပြီး ရွှေပန်တျာဇော်လင်းထက် (ဆိုင်း) နှင့် စတားဗိုလ်လှိုင်း (မြန်မာ့အသံဆိုင်းဝိုင်းကြီး) တို့၏  တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး သဇင်မင်း ရှေ့ထွက်မင်းသမီး မြနန္ဒာ၊ လူရွှင်တော်များဖြစ်ကြသည့် လှိုင်ဘွား၊ ဂျယ်လီ၊ ဒင်္ဂါးနှင့် ကြယ်မင်းတို့က    ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

 

 ထိုသို့ တင်ဆက်မှုကို အောက်တိုဘာ ၁၃ ရက်၊  ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း National News အစီအစဉ်အပြီးတွင် ဒုတိယအကြိမ် ထမ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်