ဒီပဲယင်းမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စပါးခင်းများ ရေကြီးနစ်မြုပ်

ဒီပဲယင်း  စက်တင်ဘာ  ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး ၊ ဒီပဲယင်းမြို့နယ်အတွင်း စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းမှစတင်၍ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းမှုကြောင့် ရေဆိုးချောင်းမြောင်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး စပါးစိုက်ခင်းများ ရေကြီးနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

     

အဆိုပါ ရေကြီးရေလျှံမှုကြောင့်  ရေဦး - ဒီပဲယင်း - မုံရွာ ကားလမ်း ဒီပဲယင်းမြို့နှင့် ၂ မိုင်အကွာ ငြိမ်းချမ်းရွာသစ် ကျေးရွာအနီးတွင် ရေကျော်လျက်ရှိသော်လည်း ခရီးသွားလာမှု အဆင်ပြေချောမွေ့ပြီး ရေဆိုးချောင်းဘောင်များ ကျိုးပဲ့ပျက်စီးခြင်းနှင့် စပါးစိုက်ခင်းများသာ ရေကြီးနှစ်မြှုပ်မှုရှိခဲ့ပြီး လူနှင့်လူနေအိမ်များ ၊ တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

 

မြို့နယ် ပြန်/ဆက်