လက်ပံတန်းမြို့တွင် ၂၀၂၁ -၂၀၂၂ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် ကြမ်းခင်း ဈေးပြင်ဆင်ရောင်းချသည့် အင်း၊ တင်ဒါချက်များ လေလံရောင်းချ

လက်ပံတန်း စက်တင်ဘာ ၁၅

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ငါးလုပ်းငန်းဦးစီးဌာနမှ  ၂၀၂၁ -၂၀၂၂ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် ကြမ်းခင်းဈေး ပြင်ဆင်ရောင်းချသည့် အင်း၊ တင်ဒါ ချက်များ လေလံရောင်းချခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်၂ လမ်းခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အဆိုပါ လေလံတင်ရောင်းချပွဲတွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်း တို့က ၂၀၂၁ -၂၀၂၂ ခုနှစ်ငါးလုပ်ငန်းရာသီအတွက် ဂရန်အင်းနှင် တင်ဒါချက်များ၏ လိုက်နာရမည့် စည်းကမ်းချက်များ၊ ဂရန်အင်းများမှ ငါးထွက်ရှိမှုနှုန်း တိုးတက်လာစေရန် အင်းလေလံ ဆွဲဝယ်ရရှိသူသည် ငါးလုပ်ငန်းဦးစီးဌာနမှ သတ်မှတ်ထားသည့်အတိုင်း အင်းအတွင်း ငါးမျိုးစိုက်ထည့်ရန် ပြောကြားခဲ့သည်။

 

ထိုနောက် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်း၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မင်းလွင်နှင့် တာဝန်ရှိသူများက ဂရန်အင်းများ လေလံတင် ရောင်းချရာအင်း (၁၀)အင်းနှင့် တင်ဒါ (၆)ချက်၊  တို့ကို အင်းသားကြီးများထံ ရောင်းချနိုင်ခဲ့ပြီး အင်းခွန်ငွေကျပ် (၆၂၇၂၀၀၀၀) ခြောက်ရာနှစ်ဆယ့်ခုနှစ်သိန်းနှစ်သောင်းကျပ်နှင့် တင်ဒါ(၆)ချက်အတွက် (၄၁၇၀၀၀၀) အား နိုင်ငံတော်အခွန်ငွေ ရရှိခဲ့ကြောင်း သိရသည်။

 

မြို့နယ်၊ပြန်/ဆက်