ကနေဒါနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၉၅၅ ဦးထပ်မံတွေ့ရှိ

စက်တင်ဘာ ၁၅

ကနေဒါနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၉၅၅ ဦးထပ်မံ တွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၁၅၅၅၁၂၁ ဦးရှိလာပြီး သေဆုံးသူပေါင်း ၂၇၂၆၂ ဦး စီတီဗွီသတင်းအရ သိရသည်။

စက်တင်ဘာ ၁ ရက်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁ ဒသမ ၅ သန်းကျော် ရှိခဲ့သည်။

အယ်ဘာတာပြည်နယ်တွင် လူဦးရေ ၄ ဒသမ ၄ သန်းရှိရာ ၁၄၃၄ ဦး ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရပြီး ကိုးဦးသေဆုံးခဲ့သည်။

ထိုပြည်နယ်တွင် ယခုလက်ရှိ ကိုဗစ်-၁၉ လူနာ ၁၈၂၆၅ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၂၁၂ ဦး အပါအဝင် ၈၂၂ ဦး ဆေးရုံတင်ထားရသည်။

ကနေဒါနိုင်ငံ၏ လူဦးရေအများဆုံး အွန်တာရို ပြည်နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ခုနစ်ဦးသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၉၆၂၄ ဦး ရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို