မိုင်းငေါ့ မြို့တွင် အသိပညာပေးအစီအစဉ်များကို အွန်လိုင်းမှ တင်ဆက်ပေးလျက်ရှိ

မိုင်းငေါ့ စက်တင်ဘာ ၁၅

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောပ်မဲခရိုင်၊မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကာလအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး အစီအစဉ်များကို အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း စာသင်းကျောင်းများ ယာယီပိတ်ထားရသဖြင့် မိုင်းငေါ့မြို့အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန် ၊ ကိုယ်ရည်ကိုယ်သွေး ထက်မြက်လာစေရန်၊ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း  ၊အရုပ်ခေါက်ခြင်း၊ ဆေးရောင်ခြယ်ခြင်း စသည်တို့ကိုလည်းကောင်း ၊ စာဖတ် ပရိသတ်များအတွက် သုတ/ရသ စာအုပ်များဖြင့် စာအုပ်မိတ်ဆက်ခြင်းကိုလည်းကောင်း စသည့် အသိပညာပေး အစီအစဉ်များကို မိုင်းငေါ့ ပြည်သူ့စာကြည့်တိုက် Page တွင် နေ့စဉ် ရိုက်ကူး ထုတ်လွှင့် တင်ဆက်ပေးလျက် ရှိပါသည်။

     

ထိုသို့ ဆောင်ရွက်ပေးခြင်း‌ကြောင့် ပြည်သူများအနေ အွန်လိုင်းမှ တစ်ဆင့် အလွယ်တကူ ကြည့်ရှုနိုင်စေရန်၊ ကလေးသူငယ်များ စာပေဗဟုသုတ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက် ရခြင်းဖြစ်ပြီး ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရေး အသိပညာပေး နှိုးဆော်ခြင်းများ‌ ဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး စာစောင်များအား နံရံကပ်ပြဘုတ်များတွင် ပြသပေးခြင်းများကို ဆောင်ရွက်လျက်ရှိပြီး နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေသော သတင်းများကို အချိန်နှင့်တပြေညီ  ပြည်သူများ သိရှိနိုင်ရေးအတွက် သတင်း ထုတ်ပြန် ခြင်းများကို We Love Mongngaw Page လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။

                                                                                                                         မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)