မင်းဘူးမြို့နယ်သို့ တစ်နေ့လျှင် ငရုတ်သီးစိမ်း ပိဿာချိန် ၇၀၀၀ ကျော် ဝင်ရောက်

မင်းဘူး စက်တင်ဘာ ၁၁

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ မြို့မဈေးကြီးတွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ကုန်မျိုးစုံ ရောင်းဝယ် လျက်ရှိပြီး ယခုလတွင် မင်းဘူးမြို့ရှိ  ပွဲရုံများသို့ တစ်နေ့လျှင် ငရုတ်သီးစိမ်း ပိဿာချိန် ၇၀၀၀ ကျော် ဝင်ရောက်လျက်ရှိကြောင်း မင်းဘူးမြို့ အမှတ် () ပွဲရုံပိုင်ရှင် ဒေါ်လဲ့ထံမှ သိရသည်။

 

မင်းဘူးမြို့ ဈေးကွက်တွင် ငရုတ်သီးစိမ်းအနေဖြင့် လီမွန်၊ ၆၉၂၊ ဒုံးကျည် ဟူ၍ အမယ်သုံးမျိုးရှိပြီး ပျဉ်းမနား၊ ရမည်းသင်း၊ ပျော်ဘွယ် ဒေသများနှင့် ရေနံချောင်းမြို့နယ်တို့မှ တောင်သူများကိုယ်တိုင် လာရောက်ရောင်းချ လျက်ရှိကာ တစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၄၅၀/၅၀၀ သာရှိကြောင်း သိရသည်။

 

mdn

 

ငရုတ်သီးစိမ်းများကို ပွဲရုံများမှ ပြန်လည် ရောင်းချပါက လက်လီဈေး တစ်ပိဿာလျှင် ၇၀၀ ကျပ်ဈေးနဲ့ လက်ကားဈေး ၆၀၀ ကျပ်ဈေးသာ ရောင်းချရပြီး ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ အမ်း စသည့် မြို့များသို့ အများဆုံး တင်ပို့ ရောင်းချရကြောင်းလည်း သိရသည်။

 

ဇေယျာထက်(မင်းဘူး)