အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသေဆုံးသူ တစ်နေ့အတွင်း အများဆုံးဖြစ်

ဂျကာတာ ဩဂုတ် ၁

အင်ဒိုနီးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၃၇၂၈၄ ဦး တိုးလာပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃၄၀၉၆၅၈ ဦးအထိရောက်ရှိလာခဲ့သည်။ ထို့အတူ ကိုဗစ်-၁၉ ကြောင့် ၁၈၀၈ ဦး ထပ်မံသေဆုံးခဲ့သောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ သေဆုံးသူ ၉၄၁၁၉ ဦးအထိ ရှိလာခဲ့သည်။

လွန်ခဲ့သော ၂၄ နာရီက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန် လာပြီး ဆေးရုံမှဆင်းသွားသူ ၃၉၃၇၂ ဦးရှိသောကြောင့် စုစုပေါင်းနာလန်ထူလာသူ ၂၇၇၀၀၉၂ ဦးအထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်ထုတ်ပြန်ဖော်ပြသည်။

လတ်တလောတွင် အင်ဒိုနီးရှား အစိုးရသည် နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကိုလျှော့ချရန် အဆင့်ပေါင်းစုံ ပါဝင်သည့် လူထုလှုပ်ရှားကန့်သတ်မှု အစီအစဉ်ကို အကောင်အထည်ဖော် လျက်ရှိသည်။

အင်ဒိုနီးရှားနိုင်ငံတွင် လူဦးရေ အနည်းဆုံး ၂၀ ဒသမ ၅၃ သန်း ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးပြီ ဖြစ်သည်။ ထို့အတူ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူ ၄၇ ဒသမ ၂ သန်း ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းဖော်ပြသည်။

ဆင်ဟွာ