လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ၌ သကြားပြောင်းစိုက်ခင်းအား ပိုးမွှားအန္တရာယ်ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

လှိုင်းဘွဲ  ၊   ၁၄    ဇန်နဝါရီ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ အေးလင်းသာယာကွင်းတွင် စိုက်ပျိုးထားသော သကြားပြောင်းစိုက်ခင်းအား ပိုးမွှားအန္တရာယ်ကျရောက်မှု မရှိစေရေးအတွက် ကွင်းဆေးစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ရွေဂွန်းကျေးရွာစိုက်ပျိုးရေးဆိုင်ရာ နည်းပညာပြန့်ပွားရေး တာဝန်ခံ ဦးစိုးမင်းထွန်းက အေးလင်းသာယာကွင်းရှိ စိုက်ပျိုးထားသော ဖူးစားပြောင်း(သကြားပြောင်း)စိုက်ခင်းတွင် ပြောင်းပင်များ  ထွက်လာချိန်တွင် ဖြစ်ပွားတတ်သော ပိုးမွှားအန္တရာယ် ကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ပိုးမွှားအန္တရာယ် ကျရောက်မှု ကြိုတင်ကာကွယ်ရေး၊ ပိုးသတ်ဆေး စနစ်တကျအသုံးပြုရေးနှင့်ဓါတ်မြေဩဇာ စနစ်တကျ အသုံးပြုခြင်းတို့ ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)