ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သန်း ၁,၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၆   နိုဝင်ဘာ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲက ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၈)၊ လားရှိုး-မန္တလေး သွားကားလမ်းတွင် သတင်းအရ ပြင်ဦးလွင်မြို့မှ မန္တလေးမြို့ဘက်သို့ စိုင်းလျှန်းစိုင်း မောင်းနှင်ပြီး စိုင်းလိန်ဆိုင် လိုက်ပါလာသည့် FORD အမျိုးအစား မော်တော် ယာဉ်ကို ရှာဖွေစစ်ဆေးရာ ယာဉ်၏ကိုယ်ထည်နှင့် အင်ဂျင်ခန်း၊ စပါယ်ယာဘီးတို့တွင် သိုဝှက် သယ်ဆောင်လာသည့် ငွေကျပ်သန်း ၁,၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၇,၀၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် စိုင်းလျှန်းစိုင်း၊ စိုင်းလိန်ဆိုင်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ဖမ်းဆီးရမိမူး ယစ်ဆေးဝါးများကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းမှ မန္တလေးမြို့သို့ သယ်ဆောင်မည်ဖြစ်ကြောင်းနှင့် ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

(ရဲပြန်ကြား)