ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်းသိကောင်းစရာ အမေး ၊ အဖြေ အစီအစဉ် ဆက်လက်ထုတ်လွှင့်မည်

နေပြည်တော်  ၂၅  နိုဝင်ဘာ

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက် ဖြင့် ပြည်သူကို ပညာပေးမျှဝေပေးမည့်  “ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ် ” ကို နိုဝင်ဘာ ၂၅ ရက်မှ စ၍ အပတ်စဉ် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီ အထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျှက်ရှိသည်။

နိုဝင်ဘာ ၂၆ ရက် ကြာသပတေးနေ့ ညနေတွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးလုပ်ငန်းများကို  နည်းပညာအသုံးပြုပြီး ဝန်ဆောင်မှုများ မြန်ဆန်လာအောင် ဆောင်ရွက်နိုင်ရန်အတွက် ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာအစီအစဉ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ IT နည်းပညာအကြံပေး ဦးသာထက်တို့၏  ဆွေးနွေးချက်များကို ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်