နိုင်ဂျီးရီးယားလုံခြုံရေးတပ်ဖွဲ့များ စစ်ဆင်ရေးလုပ်ဆောင် စစ်သွေးကြွ ၂၃ ဦး သေဆုံး

၂၅ နိုဝင်ဘာ

 

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင် နိုင်ငံလုံခြုံရေးတပ်ဖွဲ့များက မကြာသေးမီကစစ်ဆင်ရေးများ လုပ်ဆောင်နေစဉ်အတွင်း ဘိုကိုဟာရမ်စစ်သွေးကြွ ၂၃ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု စစ်ဘက်ဆိုင်ရာပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားခဲ့သည်။

 

ထိုဒေသတွင် ကျန်ရှိနေသေးသော ဘိုကိုဟာရမ်စစ်သွေးကြွများကို ဖယ်ရှားရန် နေ့ညမပြတ်ကင်းလှည့်ခြင်း၊ ချုံခိုတိုက်ခိုက်ခြင်းနှင့် နယ်မြေရှင်းလင်းခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဘီနတ်ဒ်အိုရီကိုက သတင်းထောက်များကို ပြောကြားသည်။

 

အကြမ်းဖက်ဖောက်ခွဲရေးပစ္စည်းများကို စနက်ဖြုတ်ခဲ့ပြီး ထောက်ပံ့ပို့ဆောင်ရေးပို့ကုန် အပါအဝင် ပစ္စည်းကိရိယာအမြောက်အမြား ဖမ်းဆီးရမိခဲ့သည်ဟု ၎င်းကဆိုသည်။

 

လုံခြုံရေးတပ်ဖွဲ့များက ဘိုကိုဟာရမ်စစ်သွေးကြွအချို့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အမျိုးသမီးနှစ်ဦးနှင့် ကလေး သုံးဦး ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားသည်။

 

အဆိုပါစစ်ဆင်ရေးအတွင်း စစ်သားခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို