ကျိုက်မရောမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေ

ကျိုက်မရော     ၂၂    နိုဝင်ဘာ

 

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဒေသခံပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရေး၊ နေအိမ်ပြင်ပသို့ ထွက်ခွာသူတိုင်းနှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာရေးအတွက် ကျိုက်မရောမြို့ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းအဖွဲ့များက ယနေ့ နံနက်၈နာရီက နေရာ သုံးနေရာ၊ အုပ်စု သုံးစု ခွဲ၍နှာခေါင်းစည်းများကို ဒေသခံပြည်သူလူထုများထံသို့အခမဲ့လိုက်လံဖြန့်ဝေခဲ့ကြသည်။

 

အဆိုပါ နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုကို နိုဝင်ဘာ ၂၁ရက်မှ နိုဝင်ဘာ၂၆ရက်ထိ နေ့စဉ် ပြုလုပ်သွားမည်ဖြစ်ပြီး တစ်ရက်လျှင် နှာခေါင်း စည်းအခုရေ ၁၀၀၀ ကို ဝေငှပေးသွားမည်ဖြစ်ပြီး နှာခေါင်းစည်း မတပ်ဆင်သူများအား အသိပေးစည်းရုံးလှုံ့ဆော်ခြင်း၊ ပေးဝေခြင်းနှင့် ချက်ချင်းတပ်ဆင်စေခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများက လမ်းဆုံများ လူစည်ကားရာနေရာများ၌ လက်ကိုင်အသံချဲ့စက်များဖြင့် လှည့်လည်အသိပေးပြောကြားခြင်း၊ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ချိုမြတ်မြတ်ထွေး   (ပြန်/ ဆက်)