လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (တတိယနှစ်စက်ဝန်း)တွင် ဆောင်ရွက်နေသည့်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

လှိုင်းဘွဲ ၂၂ နိုဝင်ဘာ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆောင်ရွက်နေသော လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုခြင်းကို ယမန်နေ့က ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးစတင့်ဝေနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကြောင်း သိရသည်။

 

ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစတင့်ဝေသည် လှိုင်းဘွဲမြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း ထောက်ပံ့ငွေ ၂၀,၀၀၀,၀၀၀ကျပ်စီဖြင့် အကောင်အထည်ဖော်ဆောင်နေသော အင်းနို့သိပ္ပံကျေးရွာအုပ်စု အတွင်းမှ ထော်ရွဲကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း ပေ (အရှည် ၁၃၀၀ X အကျယ် ၁၂  X ထု ၆လက်မ)လုပ်ငန်းနှင့် ကျွန်းတောကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း ပေ(အရှည် ၁၃၀၀ X အကျယ် ၁၂ပေ X ထု ၆လက်မ) လုပ်ငန်းများ ဆောင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီများနှင့် တွေ့ဆုံကာ လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် လည်ပတ်ထိန်းသိမ်းရေး အစီအစဉ်များကို စနစ်တကျ ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)