အာဖဂန်နစ္စတန်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် လေးဦးသေဆုံး၊ အခြား ၁၅ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၁၀

 

အာဖဂန်နစ္စတန်နိုင်ငံ ဖာရတ်ပြည်နယ် မြောက်ပိုင်း အယ်လ်မာခရိုင်ရှိ ရဲစခန်းအနီးတွင် ယနေ့မနက်အစောပိုင်းက တာလီဘန်စစ်သွေးကြွများ၏ဖောက်ခွဲမှုကြောင့် ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

 

ထိုကားဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်လေးဦးထက်မနည်း သေဆုံးခဲ့ပြီး အရပ်သားဦးရေ ၁၀ အပါအဝင် ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ်ကာရင်မ်က ပြောကြားခဲ့သည်။

 

သို့ရာတွင် တာလီဘန်တို့ ထိခိုက်ဒဏ်ရာရပြီး ထိုဒေသမှထွက်ပြေးခဲ့သော်လည်း တိကျသောကိန်းဂဏန်းကိုမူ မသိရသေးကြောင်း ထိုတာဝန်ရှိသူက အခိုင်အမာဆိုသည်။

 

အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ထိုပေါက်ကွဲမှုတွင် ရဲတပ်ဖွဲ့ဝင် ၁၂ ဦး နှင့် အရပ်သား ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားသည်။

 

ယခုကားဗုံးပေါက်ကွဲမှုသည် တာလီဘန်တို့ ဖောက်ခွဲမှုပြုလုပ်ခဲ့သည့် နှစ်ရက်အတွင်း ဒုတိယအကြိမ်မြောက် ဗုံးပေါက်ကွဲမှုဖြစ်သည်။

 

ယမန်နေ့က အာဖဂန်တောင်ပိုင်း ကန်ဒါဟာပြည်နယ်ရှိ မေဝန်ဒ်ခရိုင်တွင် ထရပ်ကားတစ်စီးဗုံးပေါက်ကွဲမှု ဖြစ်ပွားသဖြင့် ၁၄ ဦး သေဆုံးပြီး အခြား ၄၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို