ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အမေး ၊ အဖြေအစီအစဉ် ဆက်လက်ထုတ်လွှင့်မည်

နေပြည်တော်  ၂၈  အောက်တိုဘာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှစ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲ မှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။ 

အောက်တိုဘာ ၂၉ ရက် ညနေတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်နိုင်ရေးအဖွဲ့ဝင် ကျန်းမာရေး ပညာရှင်ကြီးများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ ကျန်းမာရေး ပညာရှင်များဖြစ်သည့် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအား ဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းဗဟိုဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာထင်အောင်စော၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ် (မကူးစက်တတ်သောရောဂါ နှိမ်နှင်းရေးဌာနခွဲ) ဒေါက်တာ ကျော်ကံကောင်းနှင့် ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါနှိမ်နှင်းရေးဌာနခွဲ) ဒေါက်တာခင်ခင်ကြီးတို့က   ပြည်သူများ သိရှိမေးမြန်းလိုသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်းသည့် မေးခွန်းများအပေါ် ပြန်လည်ဖြေကြားချက်များကို ဆက်လက်ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်