ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန် တင်းကျပ်တဲ့ စည်းမျဉ်းထုတ်ပြန်ဖို့ ပြင်ဆင်နေ

၂၈ အောက်တိုဘာ

ပြင်သစ်နိုင်ငံအတွင်း ဗိုင်းရပ်စ်ပိုးကူးစက်မှု များပြားနေတဲ့ ဆေးရုံတွေမှာ ရက်အနည်းအငယ်အတွင်း လူနာထားစရာ နေရာမရှိတော့သည့် အခြေအနေမျိုး ကြုံတွေ့လာနိုင်ကြောင်း ဆရာဝန်တွေက သတိပေးလာတဲ့အတွက် တင်းကျပ်တဲ့ စည်းမျဉ်းထုတ်ပြန်ရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ 

သမ္မတက ဒီနေ့ (ဗုဒ္ဓဟူးနေ့) ညနေပိုင်းမှာ နိုင်ငံကို မိန့်ခွန်းပြောကြားဖို့ရှိကြောင်း၊ မိန့်ခွန်းမပြောခင်မှာ အစိုးရအဖွဲ့ အစည်းဝေးလုပ်ဆောင်ဖို့ ရှိနေပြီး ပြည်ထဲရေးဝန်ကြီးက ဆုံးဖြတ်ချက်မချခင်မှာ သေချာပြင်ဆင်ထားကြောင်း၊ အိမ်နီးချင်းနိုင်ငံတွေမှာ ပြဋ္ဌာန်းထားသလိုမျိုး ခက်ခဲတဲ့ ဆုံးဖြတ်ချက်ချဖို့ အချိန် ကျရောက်နေကြောင်း ပြောပါတယ်။ 

အင်္ဂါနေ့က ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၃၃,၄၀၀ ဦး၊ သေဆုံးသူ ၅၂၃ ဦးရှိကြောင်းနဲ့ အရေးပေါ် ကုသခန်းမှာ ၇၄ ဦး ကုသခံနေရကြောင်း ထုတ်ပြန်ကြေညာပါတယ်။ 

ပြင်သစ်နိုင်ငံရှိ အရေးပေါ်ကုသခန်းများမှာ ကုသနိုင်သူ ၅,၈၀၀ ဦးသာ ကုသပေးနိုင်ပြီး လက်ရှိအချိန် အရေးပေါ်ကုသခန်းမှာ ကုသခံနေသူ ၂,၉၁၈ ဦးကြောင်း အသေးစိတ် ထုတ်ပြန်ထားပါတယ်။

တချို့ဆေးရုံတွေမှာ လူနာဦးရေ များလာတဲ့အတွက် လူနာဦးရေးနည်းပါးတဲ့ တခြားဆေးရုံတွေကို သွားရောက်ရန် ညွှန်ကြားရတာမျိုးအထိ ရှိလာပါတယ်။ 

ကူးစက်ရောဂါဌာနမှ  ကျွမ်းကျင်းပညာရှင်က ဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်နိုင်ခြင်း မရှိတော့ကြောင်း၊ နိုင်ငံ့စီးပွားရေးအပေါ် သက်ရောက်နိုင်ပေမယ့် အစိုးရဟာ တစ်နိုင်ငံလုံး အသွားအလာ ကန့်သတ်ရေး (lockdown) အမိန့်ထုတ်ရန် အချိန်တန်ကြောင်း ရုပ်မြင်သံကြား အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

အစိုးရရဲ့ ကျန်းမာရေးဆိုင်ရာအကြံပေး ဒယ်ဖရာစီကလည်း ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒုတိယလှိုင်းဟာ ပညာရှင်တွေကို အံအားသင့်သွားအောင် လုပ်ဆောင်နိုင်ကြောင်း၊ ဒုတိယလှိုင်းဟာ ပထမလှိုင်းထက် ပိုးဆိုးကြောင်း၊ နိုင်ငံသားအများစုဟာ ဘာဖြစ်လာမယ်ဆိုတာကို သတိမပြုမိသေးကြောင်း ပြောကြားပါတယ်။ 

MDN
ကိုးကား - AFP